အလွမ်းများနဲ့ တက္ကသိုလ်
ဝိုင်အေယူ ဖော်တစ်သင်းနဲ့
ပျော်ချင်းဖွဲ့ တေးသီရာ
အဝေးဆီမှာ တွေးဆမျှော်ရင်း
ဖေးမဖော်သူငယ်ချင်းတွေနဲ့
လယ်ဆင်းကာ ထိန်မညီးပါဘူး
ချိန်ဆည်းဆာ နေ၀င်ရီဆို
ရေစင်ဆီကို ငေးမောလို့
ချွေးဇောစို့ခဲ့ ဟော်တီမြေမှာ
မနော်ဟရီတွေနဲ့ ချစ်မြူစမ်းရင်း
အပြစ်မယူတမ်း စကားဆိုကြတဲ့
ချစ်သူလမ်းကြားကိုလည်း လွမ်းမိရဲ့။ ။
သစ်ရွက်ကြွေ လေရူးထတဲ့
နွေးဦးညရဲ့ ရေဆင်းမြေ
ဆွေတစ်သင်းတွေ ကျောင်းစာတွေနဲ့
ခေါင်းဖွာနေတဲ့ ဒီကာလပေါ့
ရီ(ရယ်)စရာဟာသအနှောတွေနဲ့
ဟာဒယအမောမပြေနိုင်ဘူး
တောမြေဂနိုင် ဖြိုးပျမှောင်တဲ့
ရိုးမတောင် တောမီးပွေတော့
ဟော…တစ်နည်းထွေ ရွှေအဆင်းခတဲ့
ရေဆင်းညကိုလည်း လွမ်းမိရဲ့။
ငွေတောင်၊န၀င်း ဖြေရှာရင်းနဲ့
ရေနံ့သာဝင်းလည်း ငေးတွားဖူးရဲ့
တေးသွားမြူးတဲ့ ဂစ်တာသံရယ်
ကာရံဖယ် နီးအောင်ကြံရင်း
မီးရောင်မှိန် လိုက်ကာဘေးက
မကိုဋ်ကညာလေးကို ရည်ပိုလို့
သီဆိုခဲ့ တေးသံသာနဲ့
တွေးကြံကာ အသစ်ဖန်ထွင်ရင်း
ချစ်သံစဉ် ပီသလှတဲ့
ဂီတညကိုလည်း လွမ်းမိရဲ့။
သဒ္ဓါတွေပို ကြည်ညိုခဲ့တဲ့
ဆရာတွေကိုလည်း လွမ်းမိရဲ့။
နောင်ဝေေ၀ကြေးစည်သံနဲ့
အဆောင်တွေကိုလည်းလွမ်းမိရဲ့။
ဘယ်ဝယ်ဘယ်ဆီ မှန်းကြည့်ရင်းနဲ့
အယ်လ်တီတွေလည်း လွမ်းမိရဲ့။
အနေကြာလှမ်းပေမယ့်
ရေတမာတန်းလည်း လွမ်းမိရဲ့။
အလွမ်းဆန်ဆန် အနမ်းထိခဲ့တဲ့
ပန်းခြံလေးလည်း လွမ်းမိရဲ့။
နိဂုံးခြွေ စကားလုံးဆိုရရင်
အားလုံးကို လွမ်းမိပါရဲ့
စခန်းပြည်သာ အမိတက္ကသိုလ်ရယ်။
No comments:
Post a Comment