ဘ၀နိမိတ်၊ သိလိုစိတ်နဲ့
အိပ်မရခင်၊ စိတ်အစဉ်ဝယ်
သွင်သွင်တွေးတော၊ ငါဆောကြော၏။
သူရိန်နေစက်၊ လင်းလက်လက်ဖြင့်
တစ်နေ့ရက်တာ၊ သက်ဝင်လာ၍
တဏှာလောဘ၊ လိုဆန္ဒနဲ့
ဘ၀တစ်ခု၊ အစပြု၏။
အရုံမှသည်၊ ဆည်းဆာဆီသို့
လှည့်လည်နေစက်၊ ခရီးထွက်၍
ပုခက်မှသည်၊ သုသာန်ဆီသို့
ကျင်လည်ဘ၀၊ ရုန်းကန်ရသည်
ဆန္ဒတစ်စုံ၊ ပြီးပြည့်စုံဖို့။
လင်းလက်ကြယ်စင်၊ မနိုးခင်ဝယ်
နေ့စဉ်နိဂုံး၊ မှောင်မှာဆုံးလည်း
မဆုံးအန္တ၊ မှောင်ညများဝယ်
ဘ၀နိဂုံးဘယ်လိုဆုံးမလဲ
သက်ဆုံးသည့်တိုင်၊ အတွေးလှိုင်ဦးအံ့။
တက်နေ
No comments:
Post a Comment